ပြင်ဦးလွင်မြို့နယ် ကျွဲနား‌ထောက် အ‌ခြေခံပညာအထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး  ဟောပြော‌ဆွေး‌နွေးပွဲကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁‌၁

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့‌နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနားထောက် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့်ဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကိုပိုင်စိုးမည့်သူများခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသားကျောင်းသူများအားမေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ ဒေါ်တင်တင်ခိုင် ခိုင်ပန်း‌ဝေ(လက်ပံလှ)က ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်စကား‌ ပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာဟောပြောပွဲ အမေး/အဖြေအစီအစဉ်တွင် ပါ၀င်ဖြေကြားပေးပြီး ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုလက်ဆောင်များချီးမြှင့်ပေးခဲ့ပြီးနောက် စာရေး ဆရာမ ဒေါ်တင်တင်ခိုင် ခိုင်ပန်းဝေ (လက်ပံလှ)၊ May Bussiness Cot.d မှ  ဒေါ်မေမွန်သူ၊  အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ၊  ဗမာစာပေနှင့်ယဉ်ကျေးမှု အသင်း၏ ခရိုင်အလုပ်အမှုဆောင် ဦးဇော်မြင့်၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေါ်စိုးမိုးမိုးသန်း(ပတ္တမြားမိုးCot.d)တို့က အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျွဲနားထောက် အ‌ခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား  နံရံကပ်စာစောင်များ၊ သုတရသ စာစောင်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)