နာဂဒေသ လဟယ်မြို့တွင် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် သစ်ပင်လှဲပြီး အ.ထ.က ကျောင်းအုတ်တံတိုင်းနှင့်ဓါတ်အားလိုင်းမီးကြိုးပျက်ကျ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လဟယ်မြို့ အထက်တန်းကျောင်းတွင် ကျောင်းခြံစည်းရိုးရှိ သစ်ပင်ကြီးများလဲပြို၍ ကျောင်းခြဲစည်းရိုးအုတ်တံတိုင်း (၁၀ပေ၊ ၇ပေ)ခန်း တခန်းပျက်စီးခဲ့ပြီး ကျောင်းရှေ့ရှိ လျှပ်စစ်ဓါတ်အားလိုင်းကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။ ထို့နောက် လဟယ်မြို့ ဒေသရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အ၀င်လမ်း ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီကုန်းရှိ သစ်ပင်ကြီးလှဲပြီး ဒေသကော်မရှင်ရုံး အ၀င်လမ်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။