ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်​တောင်းမြစ်​ရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်​၊ ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ စံချိန်သစ်တင်ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စက်တင်ဘာလ (၁၀) ရက်ညမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ စံချိန်သစ်တင်ရောက်ရှိလျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့၌ ရေများပြန်လည်ကျဆင်းလျက်ရှိရာ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်

တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်းနှင့် မယ်ခေါင်ချောင်း ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၉ ရက် မွန်းလွဲ (၁) နာရီခန့်အချိန်မှစ၍  မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရေများ ပြန်လည်ကျဆင်းလာလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခြင်းနှင့် ရေကျဆင်းသွားသည့်နေရာများမှ ရွှံ့နွံနှင့် အမှိုက်သရိုက်များကို စတင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြာပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပချိန်တွင် အသက် (၁၈) ပြည့်မည့် မဲပေးပိုင်ခွင့်ရှိသော ကျောင်းသားကျောင်းသူလူငယ်လေးများ ရွေးကောက်ပွဲဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြာပွဲကို အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက် မငှားရမ်း နိုင်သော စာဖတ်ပရိသတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကိုယနေ့နံနက် (၁၀) နာရီအချိန်က အမာမြို့၊ လေးပင်ချောင်ကျေးရွာ အတွင်းရှိစာငှားသူများထံသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ နွား မေထုန်မဲ့သားစပ်သင်တန်း ( ၅/၂၀၂၄)ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နွား မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၅/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသင်တန်းခန်းမ၌ ပြုလုပ်သည်။

ပဲခူးမြို့၌ တိုင်းရင်းသားရိုးရာအက သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်းပြီး တိုင်းရင်းသားရိုးရာအက သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်​ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်ကအ.လ.က(ခွဲ)ယန္တရားနှင့် မွန်းလွဲ(၁) နာရီအချိန်က အ.ထ.က(ဗောဓိကုန်း)ကျောင်းများသို့အသိပညာ ပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to