ပုဗ္ဗသီရိ စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ် ကွန်ကရစ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်ချင်းဆက် (သိုက်ချောင်း)အနီး မြို့ပတ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း အကျယ် (၄၀) ပေ တံတားနှစ်စင်း တံတားချဉ်းကပ် (၁၅) ပေ ကျိုးပဲ့ခြင်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတားထိပ်နှစ်ဘက်ကျိုးခြင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ပြုပြင်ခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)