မိတ္ထီလာမြို့နယ်တွင် ကြွယ်ကန်ကျေးရွာအုပ်စု၊ ကြွယ်ကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

မိတ္ထီလာ စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးမြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် ကြွယ်ကန်ကျေးရွာအုပ်စု၊ ကြွယ်ကန်ကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းပိုင်း၌ အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံဝန်ထမ်းက စီမံကိန်လုပ်ငန်းစဉ်များ အကြောင်းရှင်းလင်းပြောကြားပြီး စီမံကိန်းကော်မတီဝင်များဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းများကို ကဏ္ဍတစ်ခုချင်းစီအလိုက် ပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက အများသဘောဆန္ဒနှင့်အညီ စီမံကိန်းကော်မတီဝင်များကို ရွေးချယ်ခဲ့သည်။

အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)