လဟယ် စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လဟယ်မြို့ အထက်တန်းကျောင်းတွင် ကျောင်းခြံစည်းရိုးရှိ သစ်ပင်ကြီးများလဲပြို၍ ကျောင်းခြဲစည်းရိုးအုတ်တံတိုင်း (၁၀ပေ၊ ၇ပေ)ခန်း တခန်းပျက်စီးခဲ့ပြီး ကျောင်းရှေ့ရှိ လျှပ်စစ်ဓါတ်အားလိုင်းကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။ ထို့နောက် လဟယ်မြို့ ဒေသရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အ၀င်လမ်း ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီကုန်းရှိ သစ်ပင်ကြီးလှဲပြီး ဒေသကော်မရှင်ရုံး အ၀င်လမ်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာ၀ဘေးကြောင့် သစ်ပင်များကျိုးကျပြီး လမ်းများပိတ်ဆို့နေမှုနှင့် ပျက်ဆီးနေမှုကို ယမန်နေ့မနက်(၀၆)နာရီအချိန် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်ပြည်သူများ စုပေါင်းပြီး သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်ကြိုးများ ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းများကို အချိန်မှီ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)