ပွင့်ဖြူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၃ ဒသမ ၆ ပေခန့် ရေကျော်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ရာ ယနေ့နံနက် ၇ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၃ ဒသမ ၆ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင်ထံက သိရသည်။