အောင်လံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း (အောင်လံခရိုင်အဆင့်) နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

အောင်လံ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း (အောင်လံခရိုင်အဆင့်) နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် အဖွဲ့အစည်းများတွင် မေးမြန်းရမည့်အချက်အလက်များ၊ CAPI စနစ်ကို အသုံးပြုပြီး စာရင်းကောက်ယူပြီးတဲ့နောက် အချက်အလက်များကို ရုံးချုပ်ဆာဗာသို့ ပေးပိုသည့်စနစ်များ၊ မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းများ ဖွင့်လှစ်ပို့ချတဲ့အခါ ဘာသာရပ်သင်ခန်းစာများအပြင် ဖြေဆိုသူ မကြိုက်နှစ်သက်တဲ့စကားအသုံးအနှုန်းများ မသုံးမိစေရန်၊ Tablet အသုံးပြု၍ လက်တွေ့‌လေ့ကျင့်မှုများ၊ ဉာဏ်စမ်းပဟေဋ္ဌိများဖြင့် လေ့ကျင့်မှုများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသော အချက်အလက်မှန်ကန်မှသာ နိုင်ငံရဲ့ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် သင်တန်းသူ၊ သင်တန်းသားများအား မိမိတို့၏နည်းပြတာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်အဆင့် သင်တန်းပြီးဆုံးသွားသော ဆရာ/ဆရာမများအား မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းနည်းပြခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)