မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်္ဂလာဒုံမြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမင်္ဂလာဒုံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကောင်းညွှန့်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးက သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွှန့်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူ (၃၆)ဦးအား သင်တန်းဆင်းနည်းပြခန့်အပ်လွှာများ အသီးသီးပေးအပ်သည်။

အခမ်းအနားသို့ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ စုစုပေါင်း (၇၀)ဦးတက်ရောက်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်