၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် နည်းပြခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၅

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် နည်းပြခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်​​ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာတဲ့ အချက်အလက်မှန်ကန်မှသာ နိုင်ငံရဲ့ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေနဲ့ နည်းပြတာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည် ။

ဆက်လက်ပြီး တာဝန်ရှိသူများက ခရိုင်အဆင့် သင်တန်းနည်းပြခန့်အပ်လွှာများကို အသီးသီးပေးအပ်ခဲ့ရာ ခရိုင်အလိုက် သင်တန်းသားခေါင်းဆောင်များက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)