၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်း သင်ခန်းစာပို့ချချက်ဆိုင်ရာ လက်တွေ့ကွင်းဆင်းဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်းကို စက်တင်ဘာလ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက သင်ခန်းစာတွင်ပါရှိသည့် လက်တွေ့လေ့ကျင့်ခြင်းဆိုင်ရာနှင့်ပတ်သက်၍ ပြည်တော်သာရပ်ကွက်၊ ငှက်ပျောတောလမ်းရှိ အိမ်ထောင်စု (၃၆) အား မြေပြင်၌ လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်ခဲ့သည်။

အဆိုပါလက်တွေ့ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်ရာ၌ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နီခင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်တို့ဦးဆောင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သူများတို့မှ လက်တွေ့ လေ့ကျင့်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်ခဲ့သည်။

လှည်းကူးမြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်းကာလအတွင်း သင်ယူခဲ့သည့် သင်ခန်းစာပို့ချချက်များအား အကောင်အထည်ဖော်၍ မြေပြင်၌ လက်တွေ့လေ့ကျင့် ကွင်းဆင်းစာရင်းကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)