ဆိပ်ဖြူမြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေ

ဆိပ်ဖြူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များကို ယနေ့နံနက်ပိုင်းက ပတ္တမြားဈေးလမ်းမပေါ်သွားလာသူများ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရခြင်းသည် လူဦးရေစာရင်းများ မှန်ကန်မှ အနာဂတ်လူနေမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ပြီးနိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိသန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ကောက်ယူမည့်အချက်အလက်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးမှူး ဦးမင်းသူနှင့် ဝန်ထမ်းများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ညွန့်နန္ဒာတင်