ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်

ဒဂုံအရှေ့ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(​၆) မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင်  ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းပို့ချလျက်ရှိသော သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သူများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။ သင်တန်းသို့ စာရင်းစစ် (၃၃) ဦး၊ စာရင်းကောက်(၁၁၅) ဦးတို့ဖြင့်  (၁၇.၉.၂၀၂၄) ရက်နေ့မှ (၂၈.၉.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)