တံတားဦးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများရှိ အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

တံတားဦး စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ကျေးရွာများရှိ အိမ်ထောင်စုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေးဘေးကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်မှုဖြစ်ပွားကြသည့် ကျေးရွာများသို့ ခွဲဝေထောက်ပံ့နိုင်ရေးအတွက် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို တာဝန်ရှိသူများထံသို့ ရေသန့်ဆေးပြား (၅၀၀၀)ပြား၊ ပစ္စည်း(၁၁)မျိုးပါ Hygnene Kit A (၅၀)၊ ၁၀-လီတာဝင်ရေပုံး(၅၀)ပုံး၊ တာပေါ်လင် မိုးကာ(၅၀)ခု၊ နိုငလွန်ကြိုးခွေေ၁၀)ခွေ တို့ကို တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းနှင့်ဝန်ထမ်းများက ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)