ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးရာသီ၌ ပဲမျိုးစုံ ဧက ၁၆,၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ ပဲမျိုးစုံ ဧက ၁၆,၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးရာသီပဲမျိုးစုံစိုက်ပျိုးဖို့ ၁၆၉၅၃ ဧကလျာထားပြီး ၁၆၉၅၆ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် ပဲစင်းငုံနဲ့ပဲတီစိမ်းစိုက်ပျိုးကြပါတယ်။ ပဲစင်းငုံသီးနှံကို မြေပဲ၊ အစေ့ထုတ်ပြောင်းသီးနှံများနဲ့ သီးညှပ်စိုက်ပျိုးကြသလို သီးသန့်လည်း စိုက်ပျိုးကြပါတယ်။ တောင်သူတွက်ခြေကိုက်သီးနှံဖြစ်တာကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ပဲမျိုးစုံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာရှင်များက ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေး သင်တန်းပေးခြင်း၊ ကွင်းပြပွဲပြုလုပ်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ