လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

လဟယ် စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန် လဟယ်မြို့နာဂရိုးရာယဉ်ကျေးမှု ပြတိုက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီကျော်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ သန်းခေါင်စာရင်းအခြေပြုမိန့်ခွန်း Video Clip ကို ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်ယူရေးသင်တန်းကို (၁၀)ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ကျောင်းဆရာ/မ သင်တန်းသူ၊ သင်တန်းသား(၄၅)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)