လဟယ် စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day-WOD) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ၁၆-၉-၂၀၂၄ ရက်နေ့ (၁၃)နာရီအချိန် လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ထိုသို့ပြိုင်ပွဲကျင်းပရာတွင် လဟယ်မြို့နယ် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား/သူ(၆)ဦး အလယ်တန်းအဆင့်(၁၁)ဦး စုစုပေါင်း(၂၁)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာဆုများကို ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါပြိုင်ပွဲကိုအို ဇုန်းလွှာပျက်စီးနေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံသည် အိုဇုန်းလွှထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ၂၀၀၈ ခုနှစ်မှစ၍ ကျင်းပဆောင်ရွက်လျက်ရှိပြီး၊ ကျောင်းသားလူငယ်များ အသိဉာဏ်ပညာများ တိုးတက်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)