မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများကို စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်ရှိ တရုတ်-မြန်မာချစ်ကြည်ရေး အ.ထ.က(ခွဲ)-ငမဲအိုင် စာသင်ကျောင်းအား သင်ထောက်ကူပစ္စည်းများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ခုံးအုပ်စု၊ ငမဲအိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ငမဲအိုင်)ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက သင်ထောက်ကူပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့နယ် အင်းပြင်ပရိယတ္တိစာသင်တိုက်၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ပရိယတ္တိစာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တာဝန်ရှိသူများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေညီလာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွကျေးရွာသို့ သွားရောက်ပြီး သစ်ခေါက်ခွကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် သုခါရာမ ကျောင်းတိုက်အတွင်း၌ ရေဝင်ရောက်ပြီး တင်ကျန်နေသည့်နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မင်းတုန်းမြိုတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်၍ နည်းပြများမှ သင်တန်းပို့ချလျက်ရှိရာ ပညာရေးဌာနမှ ဆရာ/ဆရာမ(၃၁)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂၈)ရက်နေ့ထိ ဖြစ်သည်။

အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ် (မန္တလေး)တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂x၆၃ လမ်းကြား၊ ၁၀၄x၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ (၆)ထပ်ဆောင်ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော  လူငယ်စကားဝိုင်းကို ယ‌မန်နေ့‌မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to