အ .ထ.က မိုင်းကိုင်၌ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အ.ထ.က(မိုင်းကိုင်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သာစည်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု-မရွေး-သနပ်ကန် လမ်းတံတား၏  ချဉ်းကပ်လမ်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရေတိုက်စားပျက်စီးခဲ့သည့်  ကုက္ကိုစု-မရွေး-သနပ်ကန် လမ်းတံတား၏  ချဉ်းကပ်လမ်းအား  ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မိုးစပါး ၅၃၉၅ ဧက ရေနစ်မြုပ်ခံခဲ့ရမှု ဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ ဆင်သေချောင်းမှ ရေကြီးရေလျှံမှုများဖြစ်ခဲ့ရာ မိုးစပါး ၅၃၉၅ ဧက ရေနစ်မြုပ်ခံခဲ့ရသည်။

အောင်မြေသာစံမြို့နယ်တွင် ရှေးဟောင်းအဆောက်အဦ ပြိုကျမှုကြောင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ပစ္စည်း ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ယမန်နေ့နံနက် နှစ်နာရီကျော်ခန့်က ရှေးဟောင်းဟိန္ဒူဘုရားကျောင်း အဆောက်အဦတစ်ခု ပြိုကျမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိကာ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၇၃)ဦး အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဆက်လက်သင်ကြား

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယခုလ ၁၇ ရက်နေ့မှစ၍ ယနေ့အထိ အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုအားကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌   ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုများကို ယမန်နေ့က မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဇလွန်မြို့၌ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရိုးကြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ရိုး​ကြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လွိုင်လင်မြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ပါသည်။

အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို‌‌ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

အောက်တိုဘာလတစ်ရက်နေ့တွင်ကျရောက်မည့် နှစ်(၆၀)ပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို‌သောအားဖြင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီက မန္တလေးမြို့၊ ၆၂လမ်းပေါ်ရှိ ကုသိုလ်တော်ရိပ်သာ ကျောင်းတိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
Subscribe to