မြန်အောင်မြို့နယ်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်နှင့် မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ(၅၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ စားသုံးဆီထုတ်ပေးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စားသုံးဆီထုတ်ပေးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ ပုဂ္ဂလိကသစ်မာစိုက်ခင်းဝင်းအတွင်း ကော်ဖီသီးနှံပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုတွင် ကော်ဖီသီးနှံပင်‌ပေးအပ်ပွဲနှင့်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ဆင်မှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၉)ရှိ ဦးတင်အေး ပုဂ္ဂလိကသစ်မာစိုက်ခင်းတွင် ဒေသခံတောင်သူများအား ကော်ဖီသီးနှံပင်များပေးအပ်ပြီး ကော်ဖီသီးနှံပင်တစ်ထောင်ပင်အား စိုက်ပျိူးခဲ့ကြသည်။

သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ရာ မူလတန်းကျောင်း (၁၈) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် စားအုန်းဆီများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် စားအုန်းဆီထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က သီရိမင်္ဂလာ‌ရွှေချမ်းသာ ဗိမာန်တော်ကြီးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ (၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်သည်။

သထုံတွင် မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ‌တော်အခမ်းအနား ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ်(၂၇၆၃)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှ မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ပြုလုပ်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ (၂) နာရီ က ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မိုးနဲမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် ၁၂ ရက်တာသင်တန်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ မြို့နယ်ကမ္ဘောဇခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
Subscribe to