လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်း ဒေသနေလူငယ်များ အသိပညာဗဟုသတ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာရန်အတွက် လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာစာရေးဆရာ သန်းဖြိုးနိုင်(ကညင်ကျိုး)ရေးသားသည့် အနာဂတ်နိုင်ငံတော်နှင့်လူငယ်များအခန်းကဏ္ဏစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ တော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ)စုပေါင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်၌ ရေဘေးသင့်ကျေးရွာများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာလ(၁၁)ရက်မှ (၁၉)ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ရေကြီးနှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်းနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဖြူးမြို့နယ်၌ အောက်တိုဘာလ တစ်ရက်နေ့တွင် သန်းခေါင်စာရင်း စတင်ကောက်ယူနိုင်ရေး ညှိနှိုင်းမှုများဆောင်ရွက်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာ ရရှိစေရေး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေး သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများ၊ ကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများသည် ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ခန်းမတွင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေနန်းတော်အားကစားအဖွဲ့က စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ မန္တလေးမြို့၊ ရွှေနန်းတော်အားကစားအဖွဲ့က ဧကဒသမအကြိမ်မြောက်၊ ဒသမအပတ်အဖြစ် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ (၂၅) ရက်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် တံတားများ ပြန်လည်အသုံးပြုနိုင်ရေးနှင့် သောက်သုံးရေအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသ ဘန့်စောက်ကျေးရွာရှိ ရွာတွင်းတံတားပျက်စီးနေမှုနှင့် သောက်သုံးရေပြန်လည်အသုံးပြုနိုင်စေရန်အတွက် ယမန်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ပေါင်းတည်၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မြွေအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောမှု ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းကမ်းပါးတစ်လျှောက် လူနေအိမ်များနှင့် စိုက်ခင်းများအတွင်း ရေဝင်ရောက်မှုများဖြစ်‌ပေါ်ခဲ့ရာ ကျေးလက်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် မြွေအန္တရာယ်ကာကွယ်ရေးတို့အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

လက်ပံတန်း၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက GTI ကျောင်းခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်က ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။
Subscribe to