ဓနုဖြူ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(တေဇခန်းမ)၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဓနုဖြူမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါရင်နုက ပညာရည်ချွန်ဆုပေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တို့တွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများနှင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၃)ဒေါ်မြတ်မွန်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)