ဟိုပုံးမြို့နယ် နောင်စုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နောင်စုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့က ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး သံလွင်(တာဆွတ်တိန်း)တံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်နှင့် ရေဘေးသင့်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာ ၂၇ ရက်နေ့က (ဝမ်ဟတ်-ဝမ်စလောင်း-တာဆွတ်တိန်း-ဟိုမိန်း) သွား လမ်းပေါ်ရှိ သံလွင်(တာဆွတ်တိန်း)တံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် ရေဘေးသင့် ထိခိုက်ပျက်စီးသွားခဲ့သည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းများကို ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလ (၁၇) ရက်နေ့ကစတင်၍ အမှတ် (၁) အခြေခံပညာကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေး​မြူရေးအထက်တန်းကျောင်း၌ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍သင်တန်းသား၊ သင်တန်းသူများကများက မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် လက်တွေ့ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၁၁၄.၈၆ တင်းနှုန်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဇီးပင်‌ကျေးရွာအုပ်စု၊ ကံကလေးကျေးရွာ၊ ကွင်းအမှတ် (၈၅)၊ ဦးပိုင်အမှတ် (၄၅/၁) တောင်သူဦးအောင်နိုင်ဝင်း၏ ပျိုးထောင်စိုက်ပျိုးထားသော မိုးစပါးစိုက်ဧက(၃)ဧကတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၁ )နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ MSME ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တိုင်းဒေသကြီးအဆင့်၊ MSME ချေးငွေစိစစ်ရေးကော်မတီမှ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှထုတ်ချေးပေးမည့် MSME ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၈) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ် (၈) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ် (၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းမြို့ အ.ထ.က(၂)တွင် လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရးအတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်ကောက်ယူနိုင်ရန်သင်ခန်းစာ ဆက်လက်ပို့ချပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိူင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်  သင်တန်းအား ယမန်နေ့အဋ္ဌမမြောက်ရက်အဖြစ် သင်ကြားလျက်ရှိရာ  Google Map​ မြေပုံရှိ စာရင်းစာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်လက်တွေ့စာရင်း ကောက်ယူနိုင်ရန်အတွက်  သင်ခန်းစာများပို့ချပေးခြင်းကို ယမန်နေ့နံနက်  ၁၀ နာရီက အ.ထ .က(ကျိုက်မရော)ပညာအားမာန်ခန်းမ၌  သင်ကြားပို့ချပေးလျက်ရှိသည်။

တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ရွှေပြည်သာတစ်မြို့နယ်လုံးဆိုင်ရာ ဂီတအနုပညာရှင်များမှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ရွှေပြည်သာတစ်မြို့နယ်လုံးဆိုင်ရာ ဂီတအနုပညာရှင်များမှ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်များနှင့်အလှူငွေများ လာရောက်လှူဒါန်းသည်။
Subscribe to