တောင်ငူမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် T- Shirt အထည် (၁၀၀၀၀) လာရောက်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ယနေ့နံနက်ပိုင်းက HANSAE MYANMAR Company Limited (ရန်ကုန်)မှ ရေဘေးသင့်ပြည်သူများအတွက် T- Shirt အထည် (၁၀၀၀၀) လာရောက်လှူဒါန်းခဲ့သည်။