ပန်းတောင်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ညောင်ခြေထောက် ကျေးရွာရှိ ညောင်ခြေထောက်တံတား ဆောက်လုပ်နေမှု အခြေအနေအား လည်းကောင်း၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိ ဦးစိုးမြင့်မှ မြို့မြေငှားဂရန် လျှောက်ထားမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဥသျှစ်ပင်တိုက်နယ်ဆေးရုံတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် ဥသျှစ်ပင်ကျန်းမာရေးကော်မတီမှ တာဝန်ယူဆောက်လုပ်နေသော လူနားနေဆောင်နှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)