ခရမ်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံသံဃာဆောင်တွင် (၁၆-၁-၂၀၂၄)ရက်နေ့မှစ၍ P-Fizer(Original Strain)ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါကာကွယ်ဆေးထိုးလာသူ ပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ (၁၈)နှစ်အထက် နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့လာရောက်ထိုးနှံသူ စုစုပေါင်း(၁၄)ဦးရှိကြောင်း သိရသည်။
ဆေးထိုးနှံရာတွင် မလိုလားအပ်သောပြဿနာတစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း ( ခရမ်း )