ဇလွန် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန် ၊ စာပေဗဟုသုတအပြင် ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန်ရည်ရွယ်ပြီး အ.မ.က လမ်းမတော်ကျောင်းမှ ကျောင်းသား /သူများအား တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်မိုးကြည်ခိုင်က သက်ရှည်ကျန်းမာအောင် တိုင်းရင်းဆေးနည်းဖြင့် ပြုမူနေထိုင်ရမည့် အကြောင်းအရာများ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးသင့်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)