ညောင်လေးပင် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မူလွန်အလယ်ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မိုးစန္ဒာဝင်းမှ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားကာ ကျောင်းစာသာမက အပြင်ဗဟုသုတရဖွယ်စာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသောကျောင်းသားကျောင်းသူများက သုတ၊ ရသ၊ ဗဟုသုတရဖွယ်စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်