နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၁၈                                                                                           

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ချောင်းနက်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာ တောင်သူဦးဘိုဝင်း၏ ယာမြေ (၀.၁၀) ဧကတွင်ကျင်းပခဲ့သည်။

အဆိုပါ ဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး၊ ချောင်းနက်ကျေးရွာ တောင်သူဦးဘိုဝင်း၏ ယာမြေ (၀.၁၀) ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၂၉) တင်း ထွက်ရှိပြီး နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၀၀၆၀) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံကသိရသည်။

လှဝင်း