သာယာဝတီ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အသက် (၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(Pfizer Original)၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထုများအား (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
ထပ်ဆောင်းထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဦးစီးဌာနမှ ဇန်နဝါရီလ (၁၄) ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည့်စုရပ်၌ ကျန်းမာရေးဝန်ထမ်းများက ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူများအား (Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံပေးခြင်း၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများအား (Pfizer Original)ထပ်ဆောင်းထိုးနှံခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထုများအား (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံပေးလျှက်ရှိပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)