ကန့်ဘလူ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့မြို့ဦးရွာမ ပရိယတ္တိစာသင်တိုက်၌ ပင့်သံဃာ ၂၅၀ ကျော်နှင့်သာသနာ့အနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၇ ရက်နံနက် ၉ နာရီခွဲကကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများက စုပေါင်းလောင်းလှူကြသည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့ဦးရွာ မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာယူ၍ ရေစက်ချအမျှပေးဝေခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)