ပုဗ္ဗသီရိ ဇန်နဝါရီ ၁၈
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခြေခံပညာမြန်မာ့သိုင်း (၆၃)မောင်း သင်တန်းသည် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာစေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်စေရန်၊ ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရာ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၃၀ ဦး၊ စုစုပေါင်း ၇၀ ဦး တက်ရောက်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ပုဗ္ဗသီရိမြို့နယ်မှ နည်းပြဆရာမ ဒေါ်နှင်းပွင့်ဖြူက ဇန်နဝါရီ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့ထိ၊ နံနက် ၇နာရီခွဲ မှ ၈ နာရီခွဲထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)