၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း တောင်ဥက္ကလာပမြို့နယ်၌ ကွင်းဆင်းကောက်ယူခြင်းစတင်ဆောင်ရွက်

တောင်ဥက္ကလာပ  အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် ယမန်နေ့နံနက် (၇) နာရီတွင် ရပ်ကွက်များ၌ စတင်စာရင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို  မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်မြတ်မိုး၊ အတွင်းရေးမှူး ဦးအောင်ကိုဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ဝိသေသလက္ခဏာများကိုရရှိနိုင်သည့် အရေးကြီးသောရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)