လွိုင်လင်မြို့နယ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

လွိုင်လင် အောက်တိုဘာ ၂

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ လူဦးရေအိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင်လည်း သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်ကကောက်ယူခဲ့ပြီး၊ (၁၀)နှစ်အကြာ ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ လူဦးရေ အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူသွားမည်ဖြစ်သည်။ လွိုင်လင်မြို့နယ် သန်းခေါင်စာရင်းကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး ဒေါ်ဥမ္မာအောင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ အတွင်းရေးမှူး ဦးမိုးမောင်မောင်ခင်၊ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ် စာရင်း‌ကောက် ခန့်အပ်ထားသူများ၊ ရပ်ကျေးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရန် လွိုင်လင်မြို့နယ်တွင် ကောက်ကွက် (၂၅၈) ကွက်ရှိကြောင်း၊ ကောက်ကွက်တစ်ခုလျှင် စာရင်းစစ် (၁) ဦး၊ စာရင်းကောက် (၄) ဦး ပေါင်း (၅) ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ မြို့နယ်တွင် စာရင်းစစ်၊ စာရင်းကောက် စုစုပါင်း (၉၉) ဦးဖွဲ့စည်းခန့်အပ်ထားကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်ပြန်/ဆက်