မိုးညိုမြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့က သန်းခေါင်စာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှု

မိုးညို အောက်တိုဘာ  ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယမန်နေ့က လိုက်လံကြည့်ရှုအားပေးခဲ့‌ကြောင်းသိရသည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူလျက်ရှိသည့် စာရင်းစစ်၊ စာရင်းကောက်‌ဆောင်ရွက်‌နေသူများအနေဖြင့် စာရင်းများတိကျမှန်ကန်စွာရရှိ‌စေရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ စနစ်တကျမေးမြန်း‌ကောက်ယူနေမှုများကို  တစ်အိမ်တက်ဆင်းလိုက်လံကြည့်ရှုကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့သည်။

မိုးညိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၄၂) အုပ်စု၊ ကျေရွာပေါင်း (၂၁၇)ရွာရှိ ကောက်ကွက် ပေါင်း (၄၃၅) ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် (၁၆၄) ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းကောင်စာရင်း ဆက်လက်ကောက်ယူလျက်ရှိရာ  မြို့နယ်အဆင့်/ရပ်ကျေးအဆင့်ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း( ပြန်/ဆက်)