နတ်မောက် ရေလှောင်တမံရေပိုလွှဲမှ( ၂ ဒဿမ ၈)ပေ ဆက်လက်ရေကျော်ကျလျက်ရှိ     

နတ်မောက်  အောက်တိုဘာ ၃                                                                                

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အောက်တိုဘာလဆန်းတွင် မိုးဆက်လက်ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့် အမှတ်ထက် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။                                                                        နတ်မောက်ရေလှောင်တမံ၏  ရေပြည့်အမှတ်သည် (၆၈၃)ပေရှိရာ လက်ရှိရေမှတ်မှာ (၆၈၅ ဒဿမ ၈)ပေ ရှိသည့်အတွက် ရေပိုလွှဲမှ  ( ၂ ဒဿမ ၈ )ပေ ရေကျော်ကျလျက်ရှိပြီး  ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ရှိသူထံက သိရသည်။

လှဝင်း