ကျိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျောင်းထိုဘုန်းကြီးသင်တန်းကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင်တိုက်၊ အမှတ်(၄)ရပ်ကွက် ဓမ္မဝတ္တကျောင်းတိုက်များသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)