ညောင်ဦး အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ သစ်တောဦးစီးဌာန၊ ခရိုင်ရုံး မြေနေရာအဖြစ်အသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်နှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး အသုံးပြုထားမြေနေရာသည် ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ သန့်စင်ကြယ်ကျေးရွာ၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၇/၅၀) မြေဧရိယာ (၁.၈၄) ဧကအား မူလမြေပိုင်ရှင်တောင်သူများထံသို့ မြေဧရိယာ တစ်ဧကလျှင် ငွေကျပ် (၁၂၅) သိန်းနှုန်းဖြင့် လျော်ကြေးပေးချေရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေဧရိယာ (၁.၈၄) ဧကအတွက် မြေယာလျော်ကြေးငွေ (၂၃၀၀၀၀၀၀) ကျပ်၊ နှစ်ရာသုံးဆယ်သိန်းကျပ်တိတိအား မူလမြေပိုင်ရှင်တောင်သူများထံသို့ အသိသက်သေများရှေ့မှောက်တွင်မြေယာလျော်ကြေးငွေအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးသန့်ဇင်တို့က အသိသက်သေများရှေ့မှောက်တွင် စာချုပ်စာတမ်းဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း