ဆီဆိုင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ

ဆီဆိုင် အောက်တိုဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်/ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကောက်ယူကြသည်။

ထို့သို့ကွင်းဆင်းကောက်ယူရာတွင် သန်ခေါင်စာရင်းကောက်ယူရေးအဖွဲ့များက လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်း နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား တစ်အိမ်တက်တစ်အိမ်ဆင်း၍ ပြည်သူများထံ ကွင်းဆင်းမေးမြန်းကောက်ယူလျက်ရှိသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေမှုများကို မြို့နယ်သန်ခေါင်စာရင်ကောက်ယူရေး ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)