အင်္ဂပူ အောက်တိုဘာ ၄
စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(ဆွယ်)စက်မှုလယ်ယာစခန်း၊ အင်္ဂပူမြို့တွင် ယနေ့ နံနက်ပိုင်းက လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်မှု(အခြေခံသင်တန်း)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေထွန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် ရောင်းချမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်သန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ သင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းကို အောက်တိုဘာ (၂)ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၄၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် ထွန်စက်၊ ရိတ်စက်များ၏ ဆီ၊ ရေ၊ လေ အခန်းဏ္ဍများနှင့် မောင်နှင်ထိန်းသိမ်းမှုများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)