ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရွှေတောင်  အောက်တိုဘာ  ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ "World Teachers Day" အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေတောင်)  ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ဆရာ၊ဆရာမများက "မြတ်ဆရာ"သီချင်း သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင်   မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဖိတ်ကြားထားသည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့၍ ကန်တော့လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ ဆရာ၊ ဆရာမများက “ကမ္ဘာမြေပေါ်ကမြတ်ဆရာ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)