ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်ဆီမီး ၉၀၀၀ ပူဇော်ပွဲ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၇

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် သီတင်းကျွတ်လပြည့်ည ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပမည်ဟုသိရသည်။

သီတင်းကျွတ်လပြည့် အောက်တိုဘာ ၁၇ ရက်၊ နံနက် ၅ နာရီခွဲတွင် စေတီတော်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များကိုပန်း၊ ရေချမ်း၊ ဆီမီးများနှင့်အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နံနက် ၇ နာရီမှစ၍ နန်းဦးတန်ဆောင်းတွင် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာခုနစ်ကျမ်းရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်းအစီအစဉ်များ ပြုလုပ်မည်ဖြစ်သည်။

ညနေပိုင်းတွင် စေတီတော်တိုးချဲ့ဓမ္မရင်ပြင်၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)