သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပ

သရက် အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကန်တော့ခံ (၇၀) နှစ်အထက် ဆရာကြီး၊ ဆရာမကြီး (၆၃)ဦး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းနားတွင် ဆရာ/ဆရာမများမှ အဖွင့်သီချင်းသီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ဆရာကြီး/ဆရာမကြီး (၁၀၅)ဦးအား ကန့်တော့ငွေများ လှူဒါန်းပေးခဲ့ကြသည်။

ထို့နောက် ဆရာကြီး/ဆရာမကြီးများအား တက်ရောက်လာသည့် ဆရာ/ဆရာမများမှ ဩကာသကန့်တော့ဖြင့် ကန်တော့ကြပြီး ကန်တာ့ခံ ဆရာကြီး/ဆရာမများကိုယ်စား အငြိမ်းစားဆရာကြီး ဦးအောင်ကျော်စိုး၊ ဆရာမကြီးဒေါ်တင်တင်ဝင်းနှင့် ဆရာကြီး ဦးသန်းနိုင်တို့က ဆုပေးဩဝါဒစကား မြွတ်ကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)