မောက်မယ်မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် စေတီတစ်ဆူမြေခ

မောက်မယ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အောက်တိုဘာလ (၅) ရက်နေ့ ညပိုင်းနှင့် (၆) ရက်နေ့ မနက်ပိုင်းတို့တွင် မိုးများစွာရွာသွန်းမှုကြောင့် ယမန်နေ့ညနေ (၅) နာရီခွဲခန့်က စျေးတန်းရပ်ကွက်၊ ပရိယတ္တိပါဒကကျောင်းကြီးစာသင်တိုက်အတွင်းရှိ စေတီတစ်ဆူမြေခခဲ့ကြောင်း သိရသည်။

အဆိုပါ မြေခခဲ့သောစေတီအား မြို့နယ်သံဃာ့နာယကဥက္ကဌရာတော်နှင့် အကျိုးတော်ဆောင်ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး၊ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဂေါပကများတို့က သွားရောက်ကြည့်ရှုပြီး ၎င်းစေတီအား ပြန်လည်ပြုပြင်တည်ထားကိုးကွယ်နိုင်ရေးလုပ်ငန်းများ ညှိနှိုင်းခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)