ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ပေးအပ်

ချောင်းဆုံ အောက်တိုဘာ ၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရေး၊ မွေးမြူရေး၊ အသားငါးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ဝင်းစိန်မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မတည်ထောက်ပံ့ငွေများပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ထွေးက အမှာစကားပြောကြားပြီးနောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိက ကရင်ဝင်းစိန်မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ နွားမွေးမြူရေးလုပ်ငန်းသူ အသင်းဝင် (၂၁)ဦးအတွက် မတည်ထောက်ပံ့ငွေကျပ် (၁၅၄) သိန်းကျော် မတည်ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ကိုယ်စားလှယ် အသင်းဝင်တစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)