ကျွန်းလှ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green Schools Award) ဆုချီးမြှင့်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကန့်ဘလူခရိုင် ဆုရွေးချယ်ရေးကော်မတီ၊ အဖွဲ့ခေါင်းဆောင် ခရိုင်ပညာရေးမှူး ဦးသန်းထိုက်နှင့် ကော်မတီဝင်များက ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄) ချက်၊ အညွှန်းကိန်း (၁၇) ချက်နှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ဆုရကျောင်းများအား တိုင်းဒေသကြီးနှင့် ခရိုင်များ၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (Clean and Green Schools Award)တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို