သရက်မြို့၌ တောင်သူများအား သွင်းအားစုကွန်းပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

သရက် အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ ဝါသီနှံတိုးချဲ့ ရေးစီမံကိန်းအရ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးသော တောင်သူများအား သွင်းအားစုကွန်ပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈:၃၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ရာ ဖိတ်ကြားထားသည့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။

အဆိုပါအခမ်းနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကြည်ဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ဝတ်ရေးဖူလုံရေးအတွက် ချည်မျှင်ရှည်ဝါများ တိုးချဲ့စိုက်ပျိုးရန် စီမံချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး သရက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ချည်မျှင်ရှည်ဝါ စိုက်ဧက (၄၀၁၂)ဧကရှိပြီး အထွက်နှုန်း (၄၉၂.၂၂)ပိဿာ ထွက်ရှိခဲ့ပြီး (၈၄၀၀)ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားချက်အပေါ် (၆၁၁၄)ဧက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်ထက် (၂၁၀၂)ဧက ပိုမိုတိုးချဲ့  စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါတယ်ဟု ပြောကြားပေးခဲ့သည်။

ထို့နောက် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးသော တောင်သူများအား သွင်းအားစုကွန်ပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ အုပ်စုများမှ တောင်သူများက လက်ခံပေးခဲ့ကြောင်း သိရသည်။ 

ဇော်ထက်(သရက်)