သာယာဝတီ အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးရန်တောင်သူများသို့ နေကြာမျိုး၊ မြေပဲမျိုးစေ့နှင့် မြေသြဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ နေ့လယ် ၁ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများက တောင်သူများအား နေကြာမျိုးစေ့၊ မြေပဲမျိုးစေ့နှင့် ယူရီးယားဓာတ်မြေသြဇာများ ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)