ရပ်စောက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့် မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရပ်စောက် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် THE HALO TRUST(NGO) အဖွဲ့အစည်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးနှင့် မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း၊ ကျား/မရေးရာအမြင် ထည့်သွင်းစဉ်းစားမှုအကြောင်းအရာများကိုလည်းကောင်း၊ THE HALO TRUST (NGO) အဖွဲ့အစည်းမှ Location မန်နေဂျာ ဒေါ်လွေးအိုက်အော်နှင့် ဦးမိုင်းဆိုင်မြင့်တို့က မိုင်းအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောကြသည်။

ဆက်လက်၍ NGO အဖွဲ့အစည်းမှ ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား  မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်ခမ်း၊ မြို့နယ်စီမံအုပ်ချု်ပရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)