မော်လမြိုင် အောက်တိုဘာ ၉
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ မြန်မာ့သိုင်းသရုပ်ပြသခြင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးများက မြန်မာ့သိုင်း ဓါး ၁ လက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအားလည်းကောင်း၊ ဗိုဗီနမ် အမျိုးသား (၆ဝ/၆၅ ကီလိုတန်း)နှင့် (၅၅/၆၀ ကီလိုတန်း) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲ တတိယဆုရရှိသော အားကစားသမားများအားလည်းကောင်း ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဗိုဗီနမ်အမျိုးသမီး (၅ဝ/၅၅ ကီလိုတန်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသော အားကစားသမားများအား ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ၊ ဗိုဗီနမ်အမျိုးသား (၅ဝ/၅၅ ကီလိုတန်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲ တတိယဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်နင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)